ဇာတ်လမ်း အစ က စိတ်၀င်စားဖွယ်ကောင်း ပါတယ်
ညတစ်ညမှာပေါ့ ရဲအရာရှိလေးယောက်  အဖွဲ့ တစ်ဖွဲ့ ဟာ မူးယစ်ဆေး၀ါးအပြည့် တင်ဆောင်လာတဲ့
ကွန်တန်နာတစ်စီးကို ဖမ်းစီးခဲ့ပါတယ်.....
ဒီနောက်တော့ ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်.....
အရာရှိတစ်ဦးကလွဲပြီး အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီးအကုန် မှောက်ကုန်ကြပါတော့တယ်.....
ဒီအချိန်မှာအရာရှိကနားလည်လိုက်ပါတော့တယ်.....
မှောင်ခိုပစ္စည်းပိုင်ရှင်တွေ ရဲ့လက်ချက်ဆိုတာကို
ဒီအချိန်မှာ အရာရှိအားလုံးကို ဆေးရုံကို ချက်ချင်းပို့ဖို့ အကြောင်းဖန်လာတာကြောင့်
အရာရှိတစ်ချို့ ဖမ်းဆီးလာတဲ့ ဂျစ်ကားပေါ်က ဒီလီဆိုသူကို ကုန်တင်ကားကြီးနဲ့ အရာရှိအားလုံးကို တင်ပို့ဖို့ အကူညီတောင်းရပါတော့တယ်
ဒီလီဟာ ထောင်ဆယ်နှစ်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့သူတစ်ယောက်ပါ
သူ့မှာသမီးလေးတစ်ယောက်ရှိပါတယ် မွေးကတည်းက ဆယ်နှစ်ကြာတဲ့အထိ မမြင်ဖူးခဲ့တဲ့ သမီးလေးရှိရာ
မိဘမဲ့ကျောင်းကိုသွားတွေ့မှာပါ
ဒီလိုအချိန်မှာအရာရှိ ခိုင်းစေတဲ့အလုပ်ကို သူလုပ်နိုင်ပါ့မလား
သူ့သမီးလေးနဲ့ တွေ့ခွင့်ရပါ့မလား ဒီအရှုပ်အထုပ် ထဲက သူလွတ် မြောက်နိုင်ပါ့မလား
ဆိုတာကို သည်းထိပ်ရင်ဖို ကြည့်ရှု့ရ မှာပါ
အတီး အဆို အက လုံး၀မပါဘဲ ကြည့်ရမှာပါ.....



Comments

Popular posts from this blog