သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး တင်ဆက်ပေးလိုက်ပါတယ် ဘိုင်ရာဘာမင်းသားချော ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး မင်းသမီးမင်းသားတွေကတော့ အိန္ဒိယပရိသတ်တွေအတွက်အထူး မိတ်ဆက်စရာ မလိုဘဲ အားဖြည့်ဝိုင်းရံထားတဲ့ဇာတ်ကားကောင်းလေးပါ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ယင်ကောင်ကားထဲက ဗီလိန်ကြီး တို့အပြင် နောက်ထပ် ရုပ်ရှင်စတားတွေ များစွာပါဝင်ပါတယ် ၁၈၄၆ခုနှစ်ဝန်းကျင် အိန္ဒိယရဲ့ လွတ်လပ်ရေးမီးရှုးတန်ဆောင်ဖြစ်ခဲ့တဲ့ နရဆင်းမဟာရက်ဒီရဲ့ အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ ဇာတ်ကားထဲမှာတော့ အင်္ဂလိပ်တွေ သိမ်းပြီးစ အိန္ဒိယအခြေအနေကို မြင်ရပြီး အခွန်တွေ တင်းကြပ်ကောက်ခံရာမှ နရဆင်းမဟာရက်ဒီဟာ စတင် ပုန်ကန်ခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ပါတယ် သမိုင်းဝင် တိုက်ပွဲအကြောင်းတွေတင်မကဘဲ သနားစရာ အချစ်ဇာတ်လမ်းလည်း ပါ ပါသေးတယ် တော်တော်လေးကို ကြည့်ကောင်းတဲ့ ဇာတ်ကားလေးပါ..... Barhubaliလို ကြည့်ကောင်းတဲ့ဇာတ်လမ်းလေးပါ.....