စပိန် ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ် ဒီကားလေး မှာ နီကို ဆိုတဲ့ ကောင်းလေးဟာ ဂစ်တာပြီးသီချင်း ဆိုတဲ့ အချိန်တွေဆို ဗီဒီယို မှတ်တမ်းတင်လေ့ရှိပါတယ် တစ်နေ့မှာ သူ ဂစ်တာပြီး သီချင်းဆို မှတ်တမ်းတင်နေချိန် ဘေးအိမ်က ဆူညံသံကြားတာနဲ့ သူသွားပြီး စူးစမ်းကြည့်ပါတယ် အဲလိုသွားကြည့်မိတာ သူရဲ့ အမှားလို့ဆိုရမှာဘဲ အိမ်ထဲရောက်တော့ မိန်းမတစ်ယောက်သေဆုံးနေပါတယ် တစ်ချိန်ထဲမှာဘဲ သူကို ယောင်္ကျားတစ်ယောက်မြင်သွားတာနဲ့ သူထွက်ပြေးသွားခဲ့ပါတယ် မကြာပါဘူး လမ်းပေါ်ရောက်ရောက်ချင်း နီကိုဆိုတဲ့ ကလေးဟာ ကားတိုက်ခံရပြီးသေဆုံးသွားပါတော့တယ် နီကိုသေဆုံးသွားတော့ သူရဲ့ မှတ်တမ်းတင်ခွေရယ် ဗီဒီယို ကင်မာရာတစ်လုံးရယ် တီဗီတစ်ရယ်က ကျန်ပါတော့တယ် ဒီကျန်ခဲ့တဲ့ ပစ္စည်းတွေဟာလဲဇာတ်ကားရဲ့ အလှည့်ပြောင်း စိတ်ဝင်စားဖွယ်ကောင်းတဲ့အရာဆိုမမှားပါဘူး..... နောက်နှစ်ပေါင်း ၂၀ ကျော်တော့ နီကို နေခဲ့အိမ်ကို မိသားစုတစ်စုပြောင်းလာကြပါတယ် ဒီမိသားစု က နီကိုရဲ့ မှတ်တမ်းတွေကို တွေ့ရှိပြီးတဲ့နောက်တော့ ကပ်ဆိုးကြီးတစ်ကျရောက်သွားသလိုဖြစ်ပါတော့တယ်..... အရမ်းစိတ်ဝင်းစားစရာကောင်းတဲ့ ဇာတ်ကားမို့လက်မလွတ်သင့် တဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်းပြောလိုက်ပါ့ရစေ.....