ရင်တထိပ်ထိပ် အူတယားယား အသည်းတလပ်လပ်
နဲ့ ကြည့်ရှု့ခံစားရမည့် ဇာတ်ကားအသစ်စက်စက်လေး လာပြီ...

ဒီကားလေး ကို ကလေးမိဘတိုင်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ
လူကြီးတွေ ရဲ့ အတ္တ တွေကြောင့် ဘာမှ  မသိ နားမလည်သေးတဲ့
ကလေးတစ်ယောက် အသက်ဘေး အန္တရာယ် ရင်ဆိုင်ရတဲ့ အိန္ဒိယ
ဇာတ်ကားကောင်းလေးတစ်ကားပါ...

ဇာတ်လမ်းအကျဉ်းလေးကတော့...
သမီးလေး ရဲ့ မွေးနေ့ပွဲ ကို နောက်ကျ မှ ရောက်လာတဲ့ ယောကျာင်္းနဲ့
တစ်ညလုံး ရန်ဖြစ်ကြပါတယ်...မနက်ကျ တော့ ယောကျာင်္းဖြစ်သူဟာ
ကာလာကတ္တားကို အလုပ် ကိစ္စ နဲ့ မနက်အစောကြီး ထွက်သွားခဲ့ပါတယ်
ပီဟူးဆိုတဲ့ သမီးလေး မနက်နိုးထခြင်းဟာ လောကကြီးမှာသူတစ်ယောက်
ထဲ နိုးထခြင်း နဲ့ နိုးထလာခဲ့ပါတယ် ကလေးတစ်ယောက်ထဲ အိမ်ထဲမှာ
ဖခင်ဖြစ်သူပြန်မလာသေးတဲ့ အချိန်ထိ ကိုယ့်ဘာသာကိုယ် စာဖွယ်
စားသောက်ပြီး ချောက်ကမ်းပါးနှုတ်ခမ်းမှာ လမ်းလျှောက်နေရသလို 
အဖြစ်အပျက်တွေနဲ့ရင်ဆိုင်ရပါတယ် သူ၏ဖခင်ဖြစ်သူ ပြန်မလာချိန်အထိ
ဒီ၂နှစ်အရွယ်ကလေးဟာ အန္တရာယ်​ကင်းကင်းနဲ့ သူ့အ​ဖေပြန်​လာတဲ့
့အထိ ​နေနိုင်​ပါ့မလား  ဘေးအန္တရာယ်​​တွေကို ရင်​ဆိုင်​​နေရပုံကို
ထိတ်​လန့်​ဖွယ်​ သနားဖွယ်​ရာ ရင်တထိပ်ထိပ် နဲ့ ကြည့်ရှု့ခံစားကြည့်
ကြပါခင်ဗျာ.....

မိဘ တိုင်းကြည့်ရှု့သင့်တဲ့ ဇာတ်ကားလေးပါခင်ဗျာ.....


Comments

Popular posts from this blog