ဝမ်းနည်းကြေကွဲစရာ ကောင်းတဲ့ အချစ်ဒန်မာ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ
ဇာတ်လမ်းလေးမှာတော့ မန်ဆူး လို့ခေါ်တဲ့ကောင်လေးနဲ့ မူကူးလို့ခေါ်တဲ့ ကောင်လေးတို့ စခဲ့တဲ့ဇာတ်လမ်းလေးပါ
ဒီဇာတ်လမ်းလေးမှာ အရှင်ရှီဗားကို ကိုးကွယ် ဝတ်ပြုကြဖို့အတွက် လူတွေဟာ တောင်ပေါ်ကို ခြေလျင်တက်ကြတယ်
သက်ကြီးရွယ်အိုတွေကတော့ အထမ်းသမားတွေနဲ့ တက်ကြရတယ်... အဲ့ဒီအထမ်းသမားတွေထဲမှာ မန်ဆူးလို့ခေါ်တဲ့
ကောင်လေးတစ်ယောက်လဲ ပါတာပေါ့
အထမ်းသမားတွေဟာ မန်ဆူး ကိုမြင်ရင်နှာခေါင်းရှုံ့သွားကြတယ်..ဘာကြောင့်လဲဆိုတော့ အထမ်းသမားလေးမန်ဆူးက
မွတ်စလ္လာမ်ကောင်လေးဖြစ်နေလို့ပါ...ဒါပေမဲ့ တောင်ပေါ်ရောက်သွားတဲ့အခါကျရင်တော့ မန်ဆူးကို ဘုရားဖူးလာကြသူတွေက
ပိုပြီး ချစ်သွားကြတော့တာပါဘဲ...သာမန်လူတွေ ဘာသာတရားကို သိတာ ကိုင်းရှိုင်းတာထက်ကို မန်ဆူးကပိုပြီး လေးစား
ကြည်ညိုတက်လို့ပေါ့ဗျာ...ဘုရားဖူးလာသူတွေကို ထမ်းပို့ရင်း လမ်းတစ်လျှောက် ဘုရားစာတွေရွတ်ပြ၊ဘုရားသမိုင်းတွေ
ရှင်းပြတယ်.အဲ့ဒီလိုမျိုး ဘုရားဖူးလာသူတွေကို စိတ်ချမ်းသာမှု အပြည့်ပေးတက်သူလေးပါ.
မန်ဆူး လေးက အဖေမရှိတော့ပေမဲ့ တစ်ဦးတည်းသောအမေကိုလုပ်ကျွေးနေပေမဲ့လဲ အမေကို လုပ်အားခအပြည့်အ၀မထောက်ပံ့
နိုင်ခဲ့ပါဘူး. အကြောင်းကတော့ သူချစ်ရတဲ့ ဘုရားဖူးဧည့်သည်တွေကို အမြဲ ဈေးလျော့ပေးနေရတာနဲ့ မုန်ဝယ်ကျွေးရတာနဲ့ လုပ်အား
ခတွေ လျော့ကုန်တော့တာပေါ့၊ အိမ်ပြန်ရောက်တော့ အမေဆူတာခံရတာလဲ များပြီပေါ့၊
ဒီလို သဘောကောင်းပြီး ရိုးသားလွန်းတဲ့ မန်ဆူးလေးဟာ တစ်ရက်မှာတော့ စွာကျယ်မလေး မူကူးနဲ့ စတွေ့တော့တာပဲ၊
မူကူး ဆိုတဲ့ကောင်မလေးက ဘုရားလူကြီးရဲ့ အငယ်ဆုံးသမီးလေး ပြီးတော့ မန်ဆူးနဲ့ဆိုဘာသာခြားဖြစ်တဲ့အပြင် မူကူးတို့မိသားစုက
ဘာသာခြားဆို သိမ်ကြည့်လို့ရတဲ့သူတွေမဟုတ်ပြန်၊ အဲ့ဒီလို့ အခြေအနေမှာ ရှိနေကြတဲ့ မန်ဆူးနဲ့ မူကူးတို့နှစ်ယောက်ဇတ်လမ်းလေးဟာ
ဘယ်လိုတွေကြည်နူးရမယ်၊ဘယ်လိုတွေ ဝမ်းနည်းရမယ်၊ဝမ်းသာရမယ်ဆိုတာကိုတော့ အားလုံးကြည့်ရှုခံစားနိုင်ရန် တင်ပြပေးလိုက်ပါတယ်ခင်ဗျာ

Comments
Post a Comment