ကဲကုလားကားကောင်းကောင်းလေးတစ်ကား
မိတ်ဆက်ပေးမယ်ခင်ဗျာ....
အချစ်ဇာတ်ကားလေးတစ်ပုဒ်ပါ
ဒီကားမှာ ခပ်ဝဝမင်းသမီး ပုံစံနဲ့ ထည့်သွင်းရိုက်ကူးရခြင်းဟာ
ဇာတ်လမ်းလေးမှာ အလိုက်ဖက်ဆုံးဖြစ်လို့ပါ
အိမ်ထောင်ရှင်မ ဇာတ်ရုပ်ကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့
ဇာတ်လမ်းလေးပါ.....
ဇာတ်လမ်းအကျဉ်းလေးကတော့
အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ VIJI တစ်ယောက်ဟာ
အခြေခံလူတန်းစားတစ်ယောက်ပါ...
သူမဟာဘဝတိုးတက်အောင်မြင်အောင်အမြဲဘဲ
ကြံဆတွေးတောနေသူတစ်ယောက်ပါ...
သူမဟာ ငယ်စဉ်ကတည်းက စာပေမှာထူးချွန်မှူမရှိ
တဲ့ အပေါ် အဖေအစ်မတွေက သူကို နှိမ်သလိုလို
ခနဲ့သလိုလို အမြဲလုပ်ခံရပါတယ်...
စာပေထူးချွန်မှုနဲ့ ဘဝအောင်မြင်မှုဟာတိုက်ရိုက်အချိုးမကြကြောင်း
ကို သက်သေပြချင်တယ်သူတစ်ယောက်ပါ
ဒါနဲ့ဘဲ တစ်ရက်မှာ ရေဒီယိုအစီအစဉ်တစ်ခုရဲ့ပြိုင်ပွဲမှာ
ပထမဆုရရှိခဲ့ပါတယ်... ဒါဟာသူမအတွက် အခွင့်အလမ်း
ကောင်းတစ်ခုလို့ထင်တဲ့အတွက်သူမ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်
ကဲသူမတစ်ယောက်ဘယ်လိုရှေ့ဆက်မလဲသူမအောင်မြင်ပါ့မလား
ဆိုတာ ဟာသလေးတွေရော ဘဝနေထိုင်မှုတွေရော ကို
ပညာသားပါပါ ရိုက်ပြထားပေးတဲ့ ဒီဇာတ်ကားကောင်းကောင်းလေးကို
ကြည့်ရန်လက်မလွတ်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ.....

Comments
Post a Comment