အိန္ဒိယ အချစ် ဇာတ်ကားကောင်းလေးတစ်ကားမိတ်ဆက်ပေးမယ်
96 လို့ ဇာတ်ကားနာမည် ဘာလို့ပေးလဲဆိုတော့ 1996 တုံးက
ကျောင်းတက်ခဲ့တဲ့ ကျောင်းသားဘ၀တွေ ပြန်တမ်းတစေလို့ပါ.....
ဒီကားလေးကြည့်ပြီး ကိုယ်တောင် ကျောင်းဘ၀ရဲ့ဖြတ်သန်းခဲ့တဲ့
နေ့တွေ ပြန်လည် သတိရပြီး ကြည်နူးမိတယ်.....
ဘာလို့လဲဆိုတော့ ကိုယ်တွေလဲ 1990 ၀န်ကျင်ဖွားလေ
ကိုယ်ကိုတိုင် ဒီကားကြည့်ပြီး တကယ်ရင်ခုန်ရတယ်....
ကိုယ် Fri ထဲမှာ ကိုယ်နဲ့ ရွယ်တူတွေ ၃နှစ်ကြီး ၄နှစ်ကြီးတွေ
ပါ ကြည့်စေချင်တယ်.....
ဒီဇာတ်လမ်းမှာ မင်းသားက ဓာတ်ပုံဆရာ လူပျိုကြီးပေါ့ဗျာ
မင်းသမီးကတော့ အိမ်ထောင်သည် ကလေးတစ်ယောက်အမေ
သူတို့နှစ်ယောက် တစ်နေ့မှာ ပြန်လည် တွေ့ဖို့ ကံ က ဖန်တီးလာခဲ့လာတယ်
အချစ်ဆိုတာ နူးညံ့သိမ်မွေ့ပုံ ကြည်နူးစရာကောင်းပုံ
အချစ်စစ်အချစ်မှန် ရဲ့တန်ဖိုး မြင့်မားပုံတွေ ဒီကားလေးထဲမှာတွေ့ရပါလိမ့်မည်
ကဲ ပရိသတ်ကြီးရေး အချစ်ကောင်းကောင်းလေးကြည့်ချင်လို့ဘဲ
ဖြစ်ဖြစ် ကျောင်းသားဘ၀တုန်းက သူငယ်ချင်းတွေကို လွမ်းလို့
ဘဲဖြစ်ဖြစ် ကျောင်းကြီးကိုဘဲ လွမ်းရင်ဖြစ်ဖြစ်
ဒီဇာတ်ကားလေးဟာ လက်မလွတ်သင့်တဲ့ဇာတ်ကား
ကောင်းပါလို့ တင်ပြလိုက်ပါတယ်ခင်ဗျာ.....

Comments
Post a Comment