ဒီဇာတ်ကားလေးကတော့ ၁၉၈၇ ၀န်းကျင် ပုံစံမျိုးရိုက်ကူးထားတာတဲ့ပုံစံလေးပါ
အဲအချိန်မှာ အော်တိုဘော့တွေဟာ သူတို့ဂြိုလ်ပေါ်မှာ တိုက်ပွဲတွေဖြစ်ပြီး
တော်လှန်ရေးအော်တိုဘော့တွေဟာ သူတို့ အခြေအနေ မဟန်လို့ ဘမ်ဘယ်ဘီး
ကို ကမ္ဘာကိုလွှတ်ပြီး ခဏ ရှောင်ခိုင်းပါတယ် ပြီးရင် တော်လှန်ရေးအော်တိုဘော့တွေကို
ပြန်လည်စုစည်းပြီး ရန်သူတွေကို ပြန်လည် ခြေမှုန်းမယ်ပေါ့
ဘမ်ဘယ်ဘီး ကမ္ဘာကို ထွက်သွားချိန်မှာ နောက်မှ ရန်သူ တစ်ယောက်ကပ်ပါလာခဲ့ပါတယ်
ဒါပေမယ့် ဘမ်ဘယ်ဘီး က ပြန်လည်တိုက်ခိုက်ချိန်မှာ ရန်သူကတော့ သေသွားခဲ့ပေမယ့်
ဘမ်ဘယ်ဘီး ကတို့ မှတ်ဥာဏ် တစ်ချို့ နဲ့ အသံပိုင်းထိခိုက်သွားခဲ့ပါတယ်
သူ့မှတ်ဥာဏ် တွေမပျက်စီးခင်မှာသူဟာ လိပ်ခုံကားပုံစံ ပြောင်းလဲခဲ့ပြီး သူ့
ရဲဘော်ရဲဘက်တွေကို စောင့်နေခဲ့ပါတယ် တစ်ရက်မှာတော့ သူသံယောဇဉ် တွယ်ရမည့်
လူသားကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်
သူကတော့ ချာလီလို့ခေါ်တဲ့ ဆယ်ကျော်သက် ဖတစ်ဆိုးလေးတစ်ယောက်ပါ
သူဟာ ကားဝယ်ဖို့ ပိုက်ဆံစုနေတဲ့ ကောင်မလေးတစ်ယောက်ပါ
ဒါနဲ့ဘဲ သူ့ရဲ့မွေးနေ့မှာ သူဟာ လိပ်ခုံးကားဟောင်းလေးသူ့ကိုရောင်းပေးဖို့
ကားစုတ်တွေပိုင်ရှင် သူ့ဘော်ဒါ အဖိုးကြီးဆီမှာ အကြွေးဝယ်ယူပါတယ်
အဖိုးကြီးကတော့သူ့ကို မွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်
ကောင်မလေးက ရေဒီယိုကို အလုပ်မလုပ်ကြည့်ချိန်မှာ
တစ်ဖက် ကတော်လှန်ရေးသမားတွေကို
ဂြိုလ်အနှံလိုက်ရှာနေတဲ့ ရန်သူတွေဟာ ရေဒီယိုထုတ်လုပ်မှု
ကို ကမ္ဘာကလာတာကိုသိရှိသွားပါတယ်....
နောက်ပိုင်း ကမ္ဘာ ပေါ်မှာ ဘမ်ဘယ်ဘီးနဲ့ ဘာတွေဆက်ဖြစ်မလဲ
ကောင်မလေးရော် ဒီအရှုပ်ထဲမှာ ဘယ်လိုတွေ ဖြစ်မလဲဆိုတာ ဇာတ်ကားလေးမှာ
ဆက်လက်ကြည့်ရှု့ခံစားကြပါ...
Comments
Post a Comment